ကမ္ဘာတစ်ခုလုံးမှာ နတ်ဘုရားမျှော်စင်ကို တက်ဖို့ ဆယ့်နှစ်လမ်း ရှိနေပြီး အဲလမ်းတွေက မသေမျိုး ဖြစ်ဖို့အတွက် ဒဏ္ဍာရီလမ်းများပင် ဖြစ်သည်။ သို့သော်လည်း နတ်ဘုရားမျှော်စင် လမ်းတွေက အဆုံးမရှိအောင် ရှည်လျားပေသည်။
ရှေးခေတ်မှာ သိုင်းကျင့်စဉ် အများကြီး ရှိခဲ့ပြီး ကမ္ဘာကြီး တစ်ခုလုံး ပြောင်းလဲပြီးတဲ့နောက် သုံးခုပဲ ကျန်ရှိတော့တယ်။ အဲတာတွေကတော့ မီးတောက်၊ နဂါးနဲ့ ကြယ်သိုင်းကျင့်စဉ် တို့ပါပဲ။ ပညာရှင် မျိုးဆက်တွေ အားလုံးက မသေမျိုးဖြစ်မယ့် လမ်းကိုပဲ ရှာဖွေနေကြတယ်။
ဘဝ တစ်လျှောက်လုံး ကြယ်သိုင်းကျင့်စဉ် ကျင့်ကြံသူ တစ်ယောက်က အမြင့်မားဆုံး နတ်ဘုရားတစ်ယောက် ဖြစ်ဖို့ပဲ မျှော်မှန်းထားလေရဲ့။
0 Comments