အရင်ဘဝမှာတုန်းက သိုင်းကမ္ဘာမှာ ထိပ်သီး ပညာရှင်တစ်ယောက် အဖြစ် ရပ်တည်ခဲ့တဲ့ အစွမ်းအထက်ဆုံး နတ်ဆိုး စိတ်ဝိညာဉ် ပညာရှင် နဲလီ...။ ပညာရှိ အင်ပါယာနဲ့ တိုက်ပွဲမှာ အသက်ဆုံးရှုံးခဲ့ရပြီး နတ်ဘုရား အဆင့်ခြောက် သားရဲ ဖြစ်တဲ့ သူ့စိတ်ဝိညာဉ်က အသက်ဆယ့်သုံးနှစ် အရွယ်တုန်းက အချိန်မှာ ပြန်လည် မွေးဖွားလာတယ်။ သူက အနီရောင် စိတ်ဝိညာဉ် အဆင့်သာ ရှိပြီး အင်အား အနည်းဆုံး ဖြစ်ပေမယ့် ယခင်ဘဝက အသိပညာတွေကြောင့် သူမတူအောင် မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်တယ်။


မကြာခင်မှာ သားရဲတွေ တိုက်ခိုက်လို့ ပျက်စီးရတော့မယ့် ကမ္ဘာနဲ့ သူ့ရဲ့ ချစ်သူ သူငယ်ချင်း မိသားစုကို ကာကွယ်ဖို့ ကြိုးစားရင်း ယခင်ဘဝမှာ မြို့တော်ကို သစ္စာဖောက်ခဲ့တဲ့ တော်ဝင်မိသားစုကို ဖျက်ဆီးဖို့ ကြံရွယ်နေပါတော့တယ်။


CHAPTER 1