သည်ကမ္ဘာမှာ သိုင်းပညာ အပေါ်ကိုပဲ လေးစားရိုကျိုးကြတယ်။ အားနည်းတဲ့ သိုင်းပညာရှင်တွေဟာ ပေါင်တစ်သောင်း ခွန်အားရှိပြီး ကျောက်တုံးကြီးတွေကို ဖျက်စီးနိုင်ကြလေရဲ့။ အားကောင်းတဲ့ သူတွေကတော့ မြစ်ကိုဖြတ် တောင်ကို ခွင်းနိုင်ကြတယ်။ အရာအားလုံးကို သိရှိပြီး စကြာဝဠာတွေကို ဖြတ်သန်းသွားလာနိုင်တဲ့ သိုင်းဘုရင်တွေတောင် ရှိနေတာပါ။ သိုင်းပညာကပဲ မင်းရဲ့ ကံကြမ္မာ အသက်နဲ့ သေခြင်းတို့ကို ဆုံးဖြတ်ပေးတယ်။ အားနည်းတဲ့သူက အနိုင်ကျင့်ခံရပြီး အားကောင်းတဲ့လူက ကမ္ဘာတစ်ခုလုံးကို အထင်သေးတဲ့ မျက်လုံးနဲ့ပဲ ကြည့်ကြတယ်။ သည်ကမ္ဘာက ကြီးနိုင်ငယ်ညှင်း ကမ္ဘာတစ်ခုပဲ။ လူတွေရဲ့ အဆင့်အတန်းကို ကျင့်ကြံခြင်း အဆင့်နဲ့ပဲ ဆုံးဖြတ်ကြတာပေါ့။ အင်အားစုတိုင်းက အစွမ်းအထက်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ရဖို့အတွက် အမြဲတမ်း တိုက်ခိုက်နေကြတယ်။ အင်အားစု တစ်ခုတည်းမှာပဲ ဆိုရင်တောင် မင်းသာ အားနည်းနေမယ်ဆိုရင် အနိုင်ကျင့်ခံရပြီး ညှာတာမှု မခံရဘဲ ကန်ထုတ်ခံရမှာ သေချာတယ်။
0 Comments