လျှိုဇန် ဆိုတဲ့ အညတရ ကျေးကျွန်တစ်ယောက်က ချမ်းသာတဲ့ မိသားစုရဲ့ အကြီးဆုံး သားအဖြစ် မွေးဖွားလာတယ်။ သူ့မိသားစုရဲ့ ငြင်းပယ်မှု၊ အစွမ်းထက် အင်အားစု တစ်ခုက သူ့အစ်မကို ပြန်ပေးဆွဲမှု တွေကြောင့် အခြားသူတွေရဲ့ အနှိမ်ခံဘဝသာ ဖြစ်နေရတယ်။ ဒါပေမဲ့ ကောင်းကင်ဆိုသည်က ထွက်ပေါက်များ အားလုံးကို ပိတ်မထားတတ်ပေ။ သူ့အဖေ ချန်ရစ်ခဲ့တဲ့ ရှေးဟောင်း စာအုပ်တစ်အုပ်ထဲမှာ ဖတ်တဲ့သူကို စွမ်းအားတွေ အများကြီး တိုးစေတဲ့ လျှို့ဝှက် နတ်ဘုရား ကျင့်စဉ်တစ်ခု ရှိနေခဲ့တယ်။ ဒါပေမဲ့ အဲဒီစွမ်းအားရဲ့ နောက်ကွယ်မှာ ဘာရှိနေသလဲ။ အဲတာကတော့ ကံကြမ္မာနဲ့ ရင်ဆိုင်ရတဲ့ တိုက်ပွဲပါပဲ။
0 Comments